မနက်ဖြန် ကိုယ်မင်းကို တွေ့ ခွင့်ရှိမလား ကျွန်မ - မရှိဘူး သူကခပ်ဟတ်ဟတ် ရယ်ပြီးမှ မနက်ဖြန်မင်းရဲ့  ၃၆ ထပ်ရုံးကို လာခဲ့လိုက်ပါ့မယ် အခန်းထဲမှာ မင်းကိုချစ်ပါလို့ ရေးထားတယ် ငါမင်းကိုချစ်ပါ့မယ် ပစ်စလက်ခတ်လည်းဟုတ်တယ် ဂရုတစိုက်လဲဟုတ်တယ် ဘ၀ရဲ့  တလွဲ ဖြစ်စဉ်ကြား ထဲက ရည်ရွယ်ထားထား မထားထား မင်းကို .... ကျွန်မ - တံခါးပိတ် သော့ခတ်ပြီးမှ မဆုံးတော့မဲ့ ကဗျာတွေကို တံခါးပိတ်လိုက်တာ အေးတယ် လက်ထဲမှ သူအိမ်သို့အဆင်သင့်ပို့ပေးထားသောနှင်းဆီများကို ခပ်ကြမ်းကြမ်းလက်ဖြင့်ချေ ကဗျာများချရေး တံခါးအောက်ကနေ လျှောကနဲ သူ့ဆီပြန်ပို့လိုက်တယ် ခေါင်းစဉ်က "ကိုယ်ပျောက်ပန်းပွင့် များကို ခူးလိုက်ပါ ပြီးတော့ ညင်ညင်သာသာရယ်လိုက်ပါ"
Posts
Showing posts from July, 2017
နောက် တစ် ခေါက် ပြန် ဖတ် ကြည့် ပါ
- Get link
- X
- Other Apps
အမည်နာမ တပ်လိုခြင်းမရှိပါ စံချိန် စံညွှန်းများနှင့် လည်ပတ်နေသော လောကကြီးထဲတွင် စာနာသနားမှုအား ရှာချင်လျှင် သက်မဲ့များကို ကြည့်ပါ သက်ရှိများကို မေးလျှင် ကိုယ်ပါလမ်းပျောက်သွားလိမ့်မည် Pompeii မြို့  မီးတောင် ပေါက်ကွဲပြီး သန့်ရှင်းဆေးကြောသကဲ့သို့ ကျွန်မတို့ ကိုယ်တိုင် ဆေးကြောလျှင်လည်း သစ်ပင်တို့မှာ မျှော်လင့်ချက် ကင်းမဲ့နေသေးသည် ကျွန်မတို့ မျိုးဆက်သည် digital wave များပေါ်တွင် အသက်ရှင်လျက် စိတ်ကူးယဉ်ကာ အာကာသသို့ ခရီးထွက်ကြသည် သေချင်တဲ့သူသေ ရှင်ချင်တဲ့သူရှင် (ဓာတ်ပုံကတော့ facebook friend တစ်ယောက်ရဲ့  ပုံကို save လုပ်ထားတာ ၁နှစ်ရှိပါပြီ ပုံထဲက expression ကို ကြိုက်လို့ ဘယ်မှာ သုံးရမလဲ မသိပေမဲ့ အခုဒီအထဲမှာ ထည့်သုံးလိုက်တော့ ကျေးဇူးတင်ပါတယ် လို့)
ရန် ကုန် အ သစ် အ သစ်
- Get link
- X
- Other Apps
ငါတို့ ချစ်တဲ့ မြို့ မှာ ကာရံတွေ တ၀ုန်းဝုန်းနဲ့ ပြုတ်ကျ ၁၈ နှစ်ကောင်မလေး ဖြစ်ခဲ့တဲ့ ငါတို့ဟာ ချစ်စရာကောင်းတဲ့ ကောင်လေးတွေ ရဲ့  မျက်လုံးတွေ ပြက်လုံးတွေထဲလဲ ရောက်ခဲ့ပြီးပြီ ဘယ်ကနေပြန် အစကောက်မလဲ ကောင်မလေးတွေ ဆေးလိပ်သောက်တယ် ဟုတ်လား လို့ လူတစ်ချို့  နှာခေါင်းရှုံလိုက်ကြပေမဲ့ သူတို့ကြောင့် သစ်ပင်တွေ ပိုပျက်စီးနေတာ မသိကြဘူး တစ်ခါတစ်ရံ ပန်းနုရောင် ညနေခင်းတွေမှာ ဆံပင်ရှည်မလေ့း မေသက်နဲ့ ညနေဆို Liquor နဲ့ အပျော်ရှာတယ် စကတ်တိုတိုလေးနဲ့ ငါတို့က နှင်းဆီတွေ မဟုတ် ဆူးပင်စစ်စစ်ဆိုတာ ကောင်လေးတွေမှန်း တဖြည်းဖြည်းနဲ့သိလာတဲ့အချိန်မှာ လုပ်ထုံးစဉ်လာအရ ငြီးငွေ့ဖို့ Boy toy လေးတွေ စွန့်ပစ်ပြီး ဒီထက်ပိုတဲ့ လူသားဆန်တဲ့ ချစ်သူကို နင်ရောငါရောရှာဖွေလို ကြတယ် ပြီးတော့ ဒီထက်ပိုတဲ့ မိန်းမသားဘ၀ကို တောင့်တကြတယ်
အချစ်လာ လိုက်ခဲ့လေ
- Get link
- X
- Other Apps

ပြောသာပြောရတာ လုပ်ရမဲ့အလုပ်တွေက အများကြီး ဆိုပါစို့ အခုခေတ်မှာ ကိုယ်ပျော်ရာလုပ်ကြစို့ရဲ့  ဒါပေမဲ့ မင်းကိုတော့ ငါချစ်ပါတယ် နောက်ဆုံးညမှာတော့ ငါနဲ့မင်းနဲ့ပေါ့ အရှေ့ ညတွေမှာ မင်းလည်းမင်းဇာတ်နဲ့ အိပ်ယာထဲ ကြိုက်သလိုက ငါ့မှာလည်း မဒီကညာတွေနဲ့ပေါ့ မင်းကိုငါအရမ်းချစ်တာပေါ့ ဒါကြောင့် ငါရက်ရက်ရောရောပေါ့ တွေးရင်း ကြက်သီးထတယ် ကမ္ဘာပေါ်မှာ ဒီလိုဖြင့် ပုရိသတွေချည်း ရှိနေရင် ဘယ်နှယ့်တော်....တော် ဟုတ်တော့ဟုတ်တယ် ခလုတ်နှိပ်အကုန်ထွက်နေတဲ့ဟာကိုး ကျွန်မတို့ တံတွေးထဲ ပစ်မျောကြတယ် လူတစ်ယောက်ကို ချစ်ပြီဆိုရင်ဖြင့်ဘာလဲ လူတစ်ယောက်ကကိုယ့်ကို ချစ်ပြီဆိုရင်ဖြင့်ဘာလဲ ဒီအချိန်မှာ ဘယ်အရာ အရေးကြီးဆုံးလို့ထင်သလဲ ငါက အရေးကြီးဆုံးလေ အဲတော့ မငြီးငွေ့စတမ်းချစ်ဖို့ နေ့တိုင်းအားထုတ်မှာပါ သူက တစ်စိတ်တစ်ခြမ်း သူနဲ့ပေါင်း တစ်ခု ရည်ရွယ်ချက်တစ်ခု ကောင်းချီးတစ်ခု အကြောင်းတရား တစ်ခု ခရီးလမ်းတစ်ခု
ကူးစက်လွယ် (Contagious)
- Get link
- X
- Other Apps

ရထားစီးရင်းဖြင့် လူတစ်ယောက်ကို တွေ့သည် ရုတ်ချည်းဆိုသလိုပင် သူ နှင့် ကျွန်မ နှစ်ယောက်တည်း ဖြစ်သွားသည် ကဗျာတစ်ပုဒ် ကိုရွတ်နေသည် ကျွန်မ ၏ နှုတ်ခမ်းများ လှုပ်ရှားကာ သူ့ နှုတ်ခမ်းကို နမ်းမိသဖြင့် ကဗျာများ ကူးစက်သွားသည် ခွင့်မတောင်း မိသော်လည်း သူအံ့သြခြင်းမရှိပါ သူ၏မေးရိုးများပေါ်တွင် ကျွန်မအိပ်စက်လိုသည် လှပလွန်းသော သူ၏ မျက်လုံးအိမ်လေးထဲတွင် ခတ္တ ခဏမှေးစက်ချင်သည်
စာသား - သက်ရှိဘ၀များ၏အဆုံး၌
- Get link
- X
- Other Apps

A Post Conceptual Dictionary ကိုသေချာကိုင်ဖူးရင်သိမှာပါ စာရွက်ပေါင်း ၅၈၂ရွက်ရှိပြီး စာမျက်နှာ ၁ကို ၁လို့ နံပါတ်မတပ်ထားပဲ ၂ကစလို့ လက်ဆောင်စာသား ၃ခုနဲ့ပေါင်းလို့ အဓိပ္ပါယ်စာလုံးဖော်ပြထားတာ ၅၇၁ မျိုးရှိပါတယ် ဒီစာကိုရေးရင်း စာအုပ်ကိုကိုင်ထားပါတယ် ဒီစာအုပ်ကို ညဖက်ဘုရားမရှိခိုးခင် သမ္မာကျမ်းစာမဖတ်ခင် တစ်ခါတစ်လေရှိခိုးပြီးခြင်း ၁၅ မိနစ်ဖတ်ပါတယ် (တစ်နေ့ကို တန်ဖိုးရှိစာပေ ၁၅မိနစ်ဖတ် သင့်တယ်လို့ အပြောရှိတာကိုး) တစ်ခါတစ်လေ ညဖက် ၁နာရီအထိ စာမျက်နှာ ၂ သို့ ၃ မှာရပ်ပြီး စဉ်းစားဖြစ်တယ် ငိုဖြစ်တယ် ချစ်သူကို သတိရဖြစ်တယ် မြန်မာနိုင်ငံကနေထွက်သွားချင်တယ် မနက်ဖြန်ရုံးမသွားချင်ဘူး ဒေါသထွက်မိတယ် အားတက်မိတယ် မနက်၅နာရီလောက်ထပြီး ပြေးချင်မိတယ် အချိန်နောက်ပြန်လှည့်စက် တီထွင်ဖြစ်တယ် ထပ်ဆုတောင်းဖြစ်တယ် အမေ့ကိုသွားနိုးဖြစ်တယ် ကြောက်မိတယ် ကမန်းကတမ်းဖြစ်မိတယ် ချက်ချင်းဆိုသလို ပူအိုက်မိတယ် မုန်းတီးတူးခါးမိတယ် ရှက်သလိုလိုဖြစ်မိတယ် နာနာကျင်ကျင် အတွေးတွေ ပြန်နိုးထမိတယ် နောက်တစ်နေ့ဆိုတာ အဓိပ္ပါယ်ရှာသင့်တယ် အပြင်မှာ အိပ်နေတဲ့ ခွေးလေး အခန်းထဲ...
Cinématèque & Wine (ရုပ်ရှင်ရုံ နှင့် ဝိုင်)
- Get link
- X
- Other Apps

Matthew: "And you are beautiful. And tomorrow morning, I'll be sober.... but you'll still be beautiful " (The Dreamers) ကျန်ခဲ့တဲ့ တစ်လလုံးမှာ မထင်မှတ်ဘဲ ကြည့်ဖြစ်ခဲ့တဲ့ ရင်ထဲ တသသ ဖြစ်စေတဲ့ ရုပ်ရှင်ကားငါးခုစာရင်းပါ။ ရင်ထဲ တသသဆိုတော့ ခံစားမှုတွေရင်းပြီးကြည့် ရတာပေါ့ နောက်ဆက်တွဲ အတွေးတွေပေးတဲ့ ရုပ်ရှင်ကားပေါ့ ရင်နဲ့ရင်းပြီး ခံစားချင်တဲ့ရုပ်ရှင်ကားပေါ့ တကယ်ရော အပြင်မှာ ဖြစ်ခဲ့လေသလား နောက်ကြောင်းခံလိုက်မိတဲ့ ရုပ်ရှင်ကားပေါ့ ဒါရိုက်တာဘယ်သူလဲ အရင်ခေတ်ကရောရိုက်ဖူးသလား ဇာတ်ညွှန်းဆရာ ဘယ်သူလဲ ဇာတ်ဝင်ခန်းသီချင်းတွေ download လုပ်ပြီး ပြန်နားထောင် ပြန်ခံစားကြည့် အစရှိသဖြင့် အစရှိသဖြင့်ပေါ့ ပြောပါမယ် ဒါက movie review မဟုတ်ပါဘူး ခံစားမှုကို ရေးပြတာပါပဲ ရုပ်ရှင် review ရေးဖို့ ကိုယ်တိုင်လည်း အဆင့်အတန်းမှီတယ်မထင်ဘူး ကိုယ်တိုင်ကိုယ်က အဲ့လိုမ ျိုး ဘက်ပေါင်းစုံကနေလည်း မသမုတ်တတ် အဲ့လိုလုပ်မယ်ဆိုရင် ခံစားချက်ကို ထိခိုက်တယ် ခံစားချက် ဖျင်းလွန်းတယ်လို့ထင်မယ် မခံစားမိဘူး ပေါ့တယ်ထင်ရင် ကျော်သွားမယ် အသားလွတ်ကြီးဆိုရင် မကောင်းဘူး မပြောတတ် ...
ဆေးလိပ်ပြသာနာ ကျွန်မနေတဲ့ နေရာမှာ
- Get link
- X
- Other Apps

ဒီစာသားတွေ ဖတ်ပြီး သူများတွေက ကျွန်မကို ဆေးလိပ်ပြသာနာလို့ ထင်ပုံရတယ် ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ ကိုယ်ဆေးလိပ်သောက်တယ် ဟုတ်တယ် ဒါပေမဲ့ ကိုယ်အသားအရေပျက်စီးမှာ ကြောက်တယ် ကျန်းမာရေး ထိခိုက်မှာကြောက်တယ် စီးကရက်ဘူးပေါ်မှာ ရေးထားတဲ့ သတိပေးစာကိုတွေ့  ရင် ပိုတောင်ကြောက်သေး နောက်ပြီး ဘေးပတ်ဝန်းကျင် ကိုယ့်ကို ကြည့်မှာကြောက်တယ် ထဘီ ၀တ်ထားတဲ့ ကောင်မလေးတွေ အံ့သြကြည့် နဲ့အကြာကြီး ငေးမှာကို ကြောက်တယ် ဆေးလိပ်သောက်နေတဲ့ အပျက်မ လို့ထင်မှာကြောက်တယ် ဒီကောင်မလေး အကျင့် စာရိတ္တပျက်ပြားနေတယ် လို့ထင်မှာ ကြောက်တယ် မကောင်းတဲ့ မိန်းကလေးလားလို့ လာပြီး ပိုက်ဆံကမ်းမှာ ကြောက်တယ် မိန်းကလေး ဖြစ်ပြီး ဆေးလိပ်သောက်သလားလို့ အမေးခံရမှာ ကြောက်တယ် အမေ့ကို သူများတွေ ပြန်ပြောပြီး အမေ စိတ်ဆင်းရဲမှာ ကြောက်တယ် အဖွားကြီး ယောက်ျားကြီးတွေ အထင်သေးမျက်လုံးနဲ့ "ဒီခေတ်မိန်းကလေးတွေ ပျက်စီးနေပါ့လား" လို့ကြည့်မှာ ကြောက်တယ် ကျွန်မကို ကယ်တင်ဖို့လိုနေပြီလို့ ၀ိုင်းပြီး ဆေးလိပ်ပြတ်ဖို့ ကူညီမှာကို ကြောက်တယ် 2016 PC: MayThetHtetOo PC : Naw Wut Yee Lay
Where you feel freedom there are flowers in my tongue
- Get link
- X
- Other Apps
လွပ်လပ်ခြင်းဆိုတာ ဘယ်လိုလဲသိရအောင် လျှာနဲ့လျက်ကြည့်ခဲ့တယ် လွပ်လပ်ခြင်းနဲ့ လျှာတို့ထိတွေ့တဲ့အခါ လျှာမှာ ပန်းတွေ အစုပ်လိုက်ပွင့်တယ် သက်တံတွေ မျက်လုံးထဲကနေ ဒလေဟော စီးကျလာတယ် နောက်ဆုံးတော့ ဒီနမ်ရုပ်ဝိညာဉ်အဟောင်းက တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတယ် ခေါင်းနဲ့ ကတ္တရာခင်းဆောင့်ထည့်သွားတဲ့အခါ နောက်စေ့ပက်ကနဲအက်ပြီး ပန်းတွေပက်ကနဲပွင့်တာပဲ လွပ်လပ်ခြင်းတွေရှိရင် ပန်းတွေလည်းရှိတယ်