စာသား - သက်ရှိဘ၀များ၏အဆုံး၌
A Post Conceptual Dictionary ကိုသေချာကိုင်ဖူးရင်သိမှာပါ
စာရွက်ပေါင်း ၅၈၂ရွက်ရှိပြီး
စာမျက်နှာ ၁ကို ၁လို့ နံပါတ်မတပ်ထားပဲ ၂ကစလို့
လက်ဆောင်စာသား ၃ခုနဲ့ပေါင်းလို့
အဓိပ္ပါယ်စာလုံးဖော်ပြထားတာ ၅၇၁ မျိုးရှိပါတယ်
ဒီစာကိုရေးရင်း စာအုပ်ကိုကိုင်ထားပါတယ်ဒီစာအုပ်ကို ညဖက်ဘုရားမရှိခိုးခင် သမ္မာကျမ်းစာမဖတ်ခင်
တစ်ခါတစ်လေရှိခိုးပြီးခြင်း ၁၅ မိနစ်ဖတ်ပါတယ်
(တစ်နေ့ကို တန်ဖိုးရှိစာပေ ၁၅မိနစ်ဖတ်
သင့်တယ်လို့ အပြောရှိတာကိုး)
တစ်ခါတစ်လေ ညဖက် ၁နာရီအထိ
စာမျက်နှာ ၂ သို့ ၃ မှာရပ်ပြီး စဉ်းစားဖြစ်တယ်
ငိုဖြစ်တယ်
ချစ်သူကို သတိရဖြစ်တယ်
မြန်မာနိုင်ငံကနေထွက်သွားချင်တယ်
မနက်ဖြန်ရုံးမသွားချင်ဘူး
ဒေါသထွက်မိတယ်
အားတက်မိတယ်
မနက်၅နာရီလောက်ထပြီး ပြေးချင်မိတယ်
အချိန်နောက်ပြန်လှည့်စက် တီထွင်ဖြစ်တယ်
ထပ်ဆုတောင်းဖြစ်တယ်
အမေ့ကိုသွားနိုးဖြစ်တယ်
ကြောက်မိတယ်
ကမန်းကတမ်းဖြစ်မိတယ်
ချက်ချင်းဆိုသလို ပူအိုက်မိတယ်
မုန်းတီးတူးခါးမိတယ်
ရှက်သလိုလိုဖြစ်မိတယ်
နာနာကျင်ကျင် အတွေးတွေ ပြန်နိုးထမိတယ်
နောက်တစ်နေ့ဆိုတာ အဓိပ္ပါယ်ရှာသင့်တယ်
အပြင်မှာ အိပ်နေတဲ့ ခွေးလေး အခန်းထဲခေါ်သိပ်ရင်ကောင်းမလား
မြန်မာနိုင်ငံရဲ့  စောင်တလွဲ စီးပွားရေးကို ပြောင်းပြန်လှန်ပစ်မယ်
လမ်းပေါ်မှာ စံပယ်ပန်းရောင်းနေတဲ့ ကလေးတိုင်း သနားစရာမကောင်းဘူးလေ
ဒီနိုင်ငံမှာ စောက်သုံးမကျလူဦးရေတွေ တိုးအောင်လုပ်နေတာ ပန်းတွေမ၀ယ်ဘူး ကြည့်နေလို့ တေးမိတယ်
စာမျက်နှာ ၁၁
စာမျက်နှာ ၁၁ ရောက်ပြီလေ
Text
the end of organic lives
စာသား
သက်ရှိဘ၀များ၏အဆုံး၌
နောက်ဆုံးတော့ ထုံးဂူ အုတ်ဂူ မြေကြီးဂူ မီးရှို့ သဂြိုလ်ရင်တောင်
နာမည် ---------
အသက် -------- ကွယ်လွန်သည်လို့ရေးရမှာပဲ
စာသား - သက်ရှိများ၏ဘ၀အဆုံး
အမှန်ပဲ ထုံးကွင်းလေးမှာ အမှန်ခြစ်လိုက်တယ် မှန်မှမှန်
သက်ရှိများ၏ ဘ၀အဆုံးမှာ စာသားရှိနေတယ်
တစ်ချို့ သော နိုင်ငံရဲ့  အုတ်ဂူတွေမှာဆို "ချစ်ဖေဖေ" "ထာဝရသတိရနေမယ်" အစရှိသဖြင့်
ကိုယ်ကျဉ်းသေးသေးကွေးကွေးလေးတွေတောင်ပါတတ်သေး
သချိုင်းရောက်လို့ အဲ့လိုမျိုး လိုက်ဖတ်ရတာ အပျော်ဆုံးပဲ
ဒီသက်ရှိ ဒီလူ ဒီလူမိန်းမသေသွားတယ် ဘယ်နှစ်ခုနှစ်က
ဘာကြောင့်သေသွားလဲ ဘာသာဝင်ကဘာလဲ ဘယ်သူတွေသတိရနေမှာလဲ
စသဖြင့် ကွယ်လွန်သွားပြီး ကိုယ်မသိတဲ့ လူသားတစ်ယောက်အကြောင်းကို
ရေးထားတဲ့ စာလုံး စာသားတွေက တစ်ဆင့် ဆက်စပ်သိချင်ဖူးလား
စက္ကန့်အနည်းငယ်လောက် အတွေးချေးဖူးလား
အသံဟာလည်း ဒီမှာ အဖြည့်ခံပဲ
ဒီလူ ဒီလူမိန်းမရဲ့  အသံမကြား စာသားမကြား ဘာဆိုဘာမှ မကြားတတောင်
ဒီစာသား ကနေတစ်ဆင့်တွေးနေမိတာ
သက်ရှိများရဲ့  အဆုံးက စာသားမဟုတ်လို့ဘာလဲ
သက်ရှိ ရှိရင်
စာသား ရှိတယ်
စာသား ရှိရင်
သက်ရှိ ရှိတယ်
သက်ရှိ ရှိရင် အဆုံးရှိတယ်
အဆုံးရှိရင် သက်ရှိ ရှိတယ်
နိဂုံးချုပ်တော့ သက်ရှိရှိရင် အဆုံးရှိပြီး အဆုံးမှာ သက်ရှိရှိလို့ စာသားရှိတယ်
ကယ် လူဆုံးရင် စာသားအဆုံးဆိုတဲ့ ဒီ theory ကိုးကားမှုကို စာကြောင်း စာသား စာလုံး နာမ် နာမ်စား နာမ နာမ၀ိသေသန ကြိယာ ကြိယာဝိသေသန တို့လက်ခုပ်တီးကြပါကုန် ပြီးရင် အဆုံးစီရင်ကြပါကုန် နောက် လူ တစ် ယောက် ဖြစ် လာ ဖို့ စ တေး လိုက် ကြ ပါ။ ဒီကမ္ဘာကြီးမှာ စောက်တလွဲ လူဦးရေတိုးဖို့ပါ။
Comments
Post a Comment