ဆေးလိပ်ပြသာနာ ကျွန်မနေတဲ့ နေရာမှာ

 ဒီစာသားတွေ ဖတ်ပြီး သူများတွေက ကျွန်မကို ဆေးလိပ်ပြသာနာလို့ ထင်ပုံရတယ်

ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ
ကိုယ်ဆေးလိပ်သောက်တယ် ဟုတ်တယ်
ဒါပေမဲ့ ကိုယ်အသားအရေပျက်စီးမှာ ကြောက်တယ်
ကျန်းမာရေး ထိခိုက်မှာကြောက်တယ်
စီးကရက်ဘူးပေါ်မှာ ရေးထားတဲ့ သတိပေးစာကိုတွေ့  ရင် ပိုတောင်ကြောက်သေး
နောက်ပြီး ဘေးပတ်ဝန်းကျင် ကိုယ့်ကို ကြည့်မှာကြောက်တယ်
ထဘီ ၀တ်ထားတဲ့ ကောင်မလေးတွေ အံ့သြကြည့် နဲ့အကြာကြီး ငေးမှာကို ကြောက်တယ်
ဆေးလိပ်သောက်နေတဲ့ အပျက်မ လို့ထင်မှာကြောက်တယ်
ဒီကောင်မလေး အကျင့် စာရိတ္တပျက်ပြားနေတယ် လို့ထင်မှာ ကြောက်တယ်
မကောင်းတဲ့ မိန်းကလေးလားလို့ လာပြီး ပိုက်ဆံကမ်းမှာ ကြောက်တယ်
မိန်းကလေး ဖြစ်ပြီး ဆေးလိပ်သောက်သလားလို့ အမေးခံရမှာ ကြောက်တယ်
အမေ့ကို သူများတွေ ပြန်ပြောပြီး အမေ စိတ်ဆင်းရဲမှာ ကြောက်တယ်
အဖွားကြီး ယောက်ျားကြီးတွေ အထင်သေးမျက်လုံးနဲ့ "ဒီခေတ်မိန်းကလေးတွေ
ပျက်စီးနေပါ့လား" လို့ကြည့်မှာ ကြောက်တယ်
ကျွန်မကို ကယ်တင်ဖို့လိုနေပြီလို့ ၀ိုင်းပြီး ဆေးလိပ်ပြတ်ဖို့ ကူညီမှာကို ကြောက်တယ်

2016


PC: MayThetHtetOo
PC : Naw Wut Yee Lay

Comments

Popular posts from this blog

ကြယ် တွေ သွား စမ်း ပါ

အမှတ်တရ