မနက်ဖြန် ကိုယ်မင်းကို တွေ့ ခွင့်ရှိမလား

ကျွန်မ - မရှိဘူး
သူကခပ်ဟတ်ဟတ် ရယ်ပြီးမှ
မနက်ဖြန်မင်းရဲ့  ၃၆ ထပ်ရုံးကို လာခဲ့လိုက်ပါ့မယ်
အခန်းထဲမှာ မင်းကိုချစ်ပါလို့ ရေးထားတယ်
ငါမင်းကိုချစ်ပါ့မယ်
ပစ်စလက်ခတ်လည်းဟုတ်တယ် ဂရုတစိုက်လဲဟုတ်တယ်
ဘ၀ရဲ့  တလွဲ ဖြစ်စဉ်ကြား ထဲက
ရည်ရွယ်ထားထား မထားထား
မင်းကို ....
ကျွန်မ - တံခါးပိတ် သော့ခတ်ပြီးမှ
မဆုံးတော့မဲ့ ကဗျာတွေကို တံခါးပိတ်လိုက်တာ အေးတယ်
လက်ထဲမှ သူအိမ်သို့အဆင်သင့်ပို့ပေးထားသောနှင်းဆီများကို ခပ်ကြမ်းကြမ်းလက်ဖြင့်ချေ
ကဗျာများချရေး
တံခါးအောက်ကနေ လျှောကနဲ သူ့ဆီပြန်ပို့လိုက်တယ်
ခေါင်းစဉ်က "ကိုယ်ပျောက်ပန်းပွင့် များကို ခူးလိုက်ပါ
ပြီးတော့ ညင်ညင်သာသာရယ်လိုက်ပါ"

Comments

Popular posts from this blog

ကြယ် တွေ သွား စမ်း ပါ

အမှတ်တရ