ရန် ကုန် အ သစ် အ သစ်



ငါတို့ ချစ်တဲ့ မြို့ မှာ ကာရံတွေ တ၀ုန်းဝုန်းနဲ့ ပြုတ်ကျ
၁၈ နှစ်ကောင်မလေး ဖြစ်ခဲ့တဲ့ ငါတို့ဟာ
ချစ်စရာကောင်းတဲ့ ကောင်လေးတွေ ရဲ့  မျက်လုံးတွေ
ပြက်လုံးတွေထဲလဲ ရောက်ခဲ့ပြီးပြီ
ဘယ်ကနေပြန် အစကောက်မလဲ
ကောင်မလေးတွေ ဆေးလိပ်သောက်တယ်
ဟုတ်လား လို့ လူတစ်ချို့  နှာခေါင်းရှုံလိုက်ကြပေမဲ့
သူတို့ကြောင့် သစ်ပင်တွေ ပိုပျက်စီးနေတာ မသိကြဘူး
တစ်ခါတစ်ရံ ပန်းနုရောင် ညနေခင်းတွေမှာ
ဆံပင်ရှည်မလေ့း မေသက်နဲ့
ညနေဆို Liquor နဲ့ အပျော်ရှာတယ်
စကတ်တိုတိုလေးနဲ့ ငါတို့က နှင်းဆီတွေ မဟုတ်
ဆူးပင်စစ်စစ်ဆိုတာ ကောင်လေးတွေမှန်း
တဖြည်းဖြည်းနဲ့သိလာတဲ့အချိန်မှာ
လုပ်ထုံးစဉ်လာအရ ငြီးငွေ့ဖို့
Boy toy လေးတွေ စွန့်ပစ်ပြီး
ဒီထက်ပိုတဲ့
လူသားဆန်တဲ့
ချစ်သူကို နင်ရောငါရောရှာဖွေလို ကြတယ်
ပြီးတော့ ဒီထက်ပိုတဲ့ မိန်းမသားဘ၀ကို တောင့်တကြတယ်



Comments

Popular posts from this blog

ကြယ် တွေ သွား စမ်း ပါ

အမှတ်တရ