နောက် တစ် ခေါက် ပြန် ဖတ် ကြည့် ပါ




အမည်နာမ တပ်လိုခြင်းမရှိပါ
စံချိန် စံညွှန်းများနှင့် လည်ပတ်နေသော လောကကြီးထဲတွင်
စာနာသနားမှုအား ရှာချင်လျှင် သက်မဲ့များကို ကြည့်ပါ
သက်ရှိများကို မေးလျှင် ကိုယ်ပါလမ်းပျောက်သွားလိမ့်မည်
Pompeii မြို့  မီးတောင် ပေါက်ကွဲပြီး
သန့်ရှင်းဆေးကြောသကဲ့သို့
ကျွန်မတို့ ကိုယ်တိုင် ဆေးကြောလျှင်လည်း
သစ်ပင်တို့မှာ မျှော်လင့်ချက် ကင်းမဲ့နေသေးသည်
ကျွန်မတို့ မျိုးဆက်သည် digital wave များပေါ်တွင်
အသက်ရှင်လျက်
စိတ်ကူးယဉ်ကာ အာကာသသို့ ခရီးထွက်ကြသည်
သေချင်တဲ့သူသေ
ရှင်ချင်တဲ့သူရှင်


(ဓာတ်ပုံကတော့ facebook friend တစ်ယောက်ရဲ့  ပုံကို save လုပ်ထားတာ ၁နှစ်ရှိပါပြီ ပုံထဲက expression ကို ကြိုက်လို့ ဘယ်မှာ သုံးရမလဲ မသိပေမဲ့ အခုဒီအထဲမှာ ထည့်သုံးလိုက်တော့ ကျေးဇူးတင်ပါတယ် လို့)

Comments

Popular posts from this blog

ကြယ် တွေ သွား စမ်း ပါ

အမှတ်တရ