ကူးစက်လွယ် (Contagious)
ရထားစီးရင်းဖြင့်
လူတစ်ယောက်ကို တွေ့သည်
ရုတ်ချည်းဆိုသလိုပင်
သူ နှင့် ကျွန်မ နှစ်ယောက်တည်း
ဖြစ်သွားသည်
ကဗျာတစ်ပုဒ် ကိုရွတ်နေသည်
ကျွန်မ ၏ နှုတ်ခမ်းများ
လှုပ်ရှားကာ
သူ့ နှုတ်ခမ်းကို နမ်းမိသဖြင့်
ကဗျာများ ကူးစက်သွားသည်
ခွင့်မတောင်း မိသော်လည်း
သူအံ့သြခြင်းမရှိပါ
သူ၏မေးရိုးများပေါ်တွင်
ကျွန်မအိပ်စက်လိုသည်
လှပလွန်းသော သူ၏ မျက်လုံးအိမ်လေးထဲတွင်
ခတ္တ ခဏမှေးစက်ချင်သည်
Comments
Post a Comment