Posts

ဘ၀မှာ အဆိုးရွားဆုံးက ကင်ဆာရောဂါထက် ပျင်းရိမှုရဲ့  သိမ်းပိုက်ခံရခြင်းပဲဖြစ်တယ်  ဥပမာ အရာရာအားလုံးကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း မြင်နေမိတာမျိုးပေါ့  ပျင်းရိတဲ့သူက အနာဂတ်ဟောတဲ့လူထက်  အနာဂတ်ကို ကြိုသိနေသလိုမျိုး မှန်းဆပြီး မျက်နှာသေနဲ့ ငေးကြည့်နေရသလိုမျိုး တက်ရမဲ့ လှေကားနဲ့ ဆင်းရမဲ့ လှေကားကြားမှာ အချိန်အကန့်အသတ်မရှိရပ်နေတာမျိုး  ဘ၀မှာနေရတာတိုတယ်လို့ထင်ပေမဲ့ ပျင်းရိမှု ချည်းကပ်လာရင် စက္ကန့်တောင်မှကုန်ဖို့ စက္ကန့်တွေ ထပ်ဖြန့်ရေတွက် နေမိသလိုမျိုးပေါ့  ခံစားချက်တွေ သေသလိုမျိုးပေါ့ ဘာမှ ကိုယ့်ဖြစ်တည်မှုနဲ့ စပ်ဆက်မှု မရှိတော့သလိုမျိုး ကောင်းချီးရော ကံဆိုးမှုတွေရောကိုယ့်ကို မဖြိုလဲ  မထောက်ပြုနိုင်သလိုမျိုး  ချစ်ခြင်းတွေ မနှစ်မြို့ မှုတွေကိုယ့်ကိုစွန့်ခွာသွားပြီ  ကိုယ်တိုင်မသိတဲ့ လှောင်အိမ်လေးထဲမှာ မောဟိုက်နေတတ်တာမျိုး  မနက်ဖြန်ပြီးရင် မနက်ဖြန်လာပြီးတော့ နောက်နေ့တွေလည်း ထပ်လာဦးမယ်ဆိုတဲ့ ကြိုတွေးပြီး အတွေးတွေ စိတ်ကူးတွေဗလာနထ္တိဖြစ်နေတဲ့ အခြေအနေမျိုးပေါ့  သူ့ရင်ဘတ်ကလည်း ဟောင်းလောင်းကြီးနဲ့ မှန်ကွဲစကြား မရုန်းကန်တော့တဲ့ မကြိုးစားချင်တော့တဲ့ ဟစိ ...
ဂဂျိုးဂဂျောင် မကျိုးကြောင်နိုင်သော ဆောင်းအသေညများနှင့် လောဘအပိ သောကအကပ်အညှိ အပလိန်းတက်နိုင်သော အသက် နှစ်ဆယ့်သုံးမှာ ကူးချည် ခပ်ချည် ကြုံနေရသေး ဆုံနေရသေး ဤလောကဘုံလေးတွင် ကြုံနေရသေး ဆုံနေရသေး ဘုံဆိုင်လေးတွင် တတွတ်တွတ်နှင့် ပြောနေရသေး
မနက်နိုးတော့ မျက်ရည်တွေရီးလေးတွဲခိုလို့ အိမ်မက်ထဲမှာလည်း မငိုခဲ့ ခုဘယ်လိုဖြစ်တာဘာလိမ့် ရင်ဘတ်ထဲကလည်း အောင့်သက်သက်နဲ့ အိမ်မက်ထဲမှာ မင်းဖုန်းန်ြဆက်တော့ ၀မ်းသာနေရတာ မင်းကိုချစ်တယ် ဒါပေမဲ့ မင်းနဲ့တော့ ဘယ်လိုလဲမသိဘူးကွာ ဒါကြောင့် ချစ်တိုင်းလည်းမညားဘူးလို့ပြောတာကိုး

အမှတ်တရ

Image
ဆရာမ ဂျူးရဲ့  အမှတ်တရ စာအုပ်ဖြင့် အချစ်ဝထ္ထုကို ပထမဆုံး ဖတ်ခဲ့ဖူးပါတယ်။ ဆယ်တန်းပြီးစ အစ်မအိမ် သွားလည်ရင်း ကောက်ကိုင်ပြီး တထိုင်ထဲဖတ်ခဲ့တဲ့ စာအုပ်ပါ။စာအုပ်ဖတ်ပြီးတော့ ဘာကိုရေရေရာရာ ခံစားရမှန်းမသိဘူး ကိုယ်မှ သူ့နေရာမခံစားရ မသိရဖူးပဲကိုး တဆတ်တည်းမှာပဲ ဒီလို ရေရှည်ဖြစ်တည်တတ်တဲ့ ဝေဒနာမျိုးကို သိလည်းမသိချင်ဘူး သို့ပေမဲ့ လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တဲ့အခါဖြစ်တည်လာတတ်တဲ့ စိတ်ခံစားချက် ပြီးတော့ လက်လွတ်ဆုံးရှူံးတဲ့အခါ လွမ်းဆွေးမှူ အမှတ်တရတွေ သိမ်းဆည်းထားတတ်မှူ လှပမှူတွေရော ၀မ်းနည်းမှူတွေရောယှက်လို့ပေါ့။ မှတ်မှတ်ရရ စာဖတ်တုံးက ကြက်သီးထခဲ့ပါတယ်။ ဒါက ဆရာမဂျူးကို ကျွန်မကျေးဇူးတင်သည်။ ဘာပဲပြောပြောချစ်တဲ့သူဆိုညားမှာပဲဆိုတဲ့  အချစ်ဆိုတာကို စာအုပ်ထဲမှာဖတ်ရင်တောင် အကြိမ်းခံရတဲ့ ဆယ်ကျော်သက် ကျွန်မကို တကယ့်ဖြစ်တတ်သော အဆုံးသတ်မှူတစ်ခုကို ပထမဆုံးအကြိမ် ဖွင့်ပြလိုက်ခြင်းဖြစ်သည်။ ပြီးတော့ ကျွန်မငိုတာပဲ။ စုစုထွေးကို သနားတာလား။ သူ့ရဲ့  မောင်ကိုသနားတာလား။ အဆုံးသတ်ကိုပဲ ယူကြုံးမရဖြစ်တာလား။ တခါမှ ကိုယ်တွေ့မရှိပဲ ခံစားရတာ။ နောက်ထပ်ကတော့ လူတစ်ယောက်ကိုချစ်တဲ့အခါ နှောင်ဖွဲ့စရာမလို မျက်ရည်ခံထိုးစရာမလို ဘ...

ကျွန်မတို့ သိသည်

Image
လာလေ လိုက်ခဲ့လို့ခေါ်လျှင် ညင်သာစွာလိုက်သွားမည် နောက်ဆုံးအချိန်တွင် ကျွန်မတွန်းလှန်နေမည်မဟုတ်ပါ ထိုအရာကို လူအများ စိတ်အနှောင့်အယှက်ဖြစ်သကဲ့သို့ ကြိုးစားကာ ဖြစ်မနေသင့်ပါ ဆိတ်ဆိတ်နေခြင်းဖြင့်  ကျွန်မလက်ခံပါမည် ခရီးဆက်ရန် ရှိနေဦးမည် မွေးဖွားခြင်းကို ၀မ်းမြောက်သကဲ့သို့ သေဆုံးသောအချိန်တွင် ကျွန်မတို့သည် ပျော်ပွဲရွှင်ပွဲလုပ်သင့်သည် ပွေ့ဖက်သင့်သည် မနက်ဖြန်ကိုလည်း မျှော်လင့်သင့်သည် ကြက်တွန်လျှင် ရောင်ခြည်လာမည် ရောင်ခြည်က ကြက်မတွန်လည်း  လာနေဦးမည်ကို ကျွန်မတို့သိသည်။
အမှတ် (၅၀) မင်းကြီးလမ်း အင်းစိန်
Image
မနက်ဖြန် ကိုယ်မင်းကို တွေ့ ခွင့်ရှိမလား ကျွန်မ - မရှိဘူး သူကခပ်ဟတ်ဟတ် ရယ်ပြီးမှ မနက်ဖြန်မင်းရဲ့  ၃၆ ထပ်ရုံးကို လာခဲ့လိုက်ပါ့မယ် အခန်းထဲမှာ မင်းကိုချစ်ပါလို့ ရေးထားတယ် ငါမင်းကိုချစ်ပါ့မယ် ပစ်စလက်ခတ်လည်းဟုတ်တယ် ဂရုတစိုက်လဲဟုတ်တယ် ဘ၀ရဲ့  တလွဲ ဖြစ်စဉ်ကြား ထဲက ရည်ရွယ်ထားထား မထားထား မင်းကို .... ကျွန်မ - တံခါးပိတ် သော့ခတ်ပြီးမှ မဆုံးတော့မဲ့ ကဗျာတွေကို တံခါးပိတ်လိုက်တာ အေးတယ် လက်ထဲမှ သူအိမ်သို့အဆင်သင့်ပို့ပေးထားသောနှင်းဆီများကို ခပ်ကြမ်းကြမ်းလက်ဖြင့်ချေ ကဗျာများချရေး တံခါးအောက်ကနေ လျှောကနဲ သူ့ဆီပြန်ပို့လိုက်တယ် ခေါင်းစဉ်က "ကိုယ်ပျောက်ပန်းပွင့် များကို ခူးလိုက်ပါ ပြီးတော့ ညင်ညင်သာသာရယ်လိုက်ပါ"