Posts

Showing posts from April, 2019
ဘ၀မှာ အဆိုးရွားဆုံးက ကင်ဆာရောဂါထက် ပျင်းရိမှုရဲ့  သိမ်းပိုက်ခံရခြင်းပဲဖြစ်တယ်  ဥပမာ အရာရာအားလုံးကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း မြင်နေမိတာမျိုးပေါ့  ပျင်းရိတဲ့သူက အနာဂတ်ဟောတဲ့လူထက်  အနာဂတ်ကို ကြိုသိနေသလိုမျိုး မှန်းဆပြီး မျက်နှာသေနဲ့ ငေးကြည့်နေရသလိုမျိုး တက်ရမဲ့ လှေကားနဲ့ ဆင်းရမဲ့ လှေကားကြားမှာ အချိန်အကန့်အသတ်မရှိရပ်နေတာမျိုး  ဘ၀မှာနေရတာတိုတယ်လို့ထင်ပေမဲ့ ပျင်းရိမှု ချည်းကပ်လာရင် စက္ကန့်တောင်မှကုန်ဖို့ စက္ကန့်တွေ ထပ်ဖြန့်ရေတွက် နေမိသလိုမျိုးပေါ့  ခံစားချက်တွေ သေသလိုမျိုးပေါ့ ဘာမှ ကိုယ့်ဖြစ်တည်မှုနဲ့ စပ်ဆက်မှု မရှိတော့သလိုမျိုး ကောင်းချီးရော ကံဆိုးမှုတွေရောကိုယ့်ကို မဖြိုလဲ  မထောက်ပြုနိုင်သလိုမျိုး  ချစ်ခြင်းတွေ မနှစ်မြို့ မှုတွေကိုယ့်ကိုစွန့်ခွာသွားပြီ  ကိုယ်တိုင်မသိတဲ့ လှောင်အိမ်လေးထဲမှာ မောဟိုက်နေတတ်တာမျိုး  မနက်ဖြန်ပြီးရင် မနက်ဖြန်လာပြီးတော့ နောက်နေ့တွေလည်း ထပ်လာဦးမယ်ဆိုတဲ့ ကြိုတွေးပြီး အတွေးတွေ စိတ်ကူးတွေဗလာနထ္တိဖြစ်နေတဲ့ အခြေအနေမျိုးပေါ့  သူ့ရင်ဘတ်ကလည်း ဟောင်းလောင်းကြီးနဲ့ မှန်ကွဲစကြား မရုန်းကန်တော့တဲ့ မကြိုးစားချင်တော့တဲ့ ဟစိ ...
ဂဂျိုးဂဂျောင် မကျိုးကြောင်နိုင်သော ဆောင်းအသေညများနှင့် လောဘအပိ သောကအကပ်အညှိ အပလိန်းတက်နိုင်သော အသက် နှစ်ဆယ့်သုံးမှာ ကူးချည် ခပ်ချည် ကြုံနေရသေး ဆုံနေရသေး ဤလောကဘုံလေးတွင် ကြုံနေရသေး ဆုံနေရသေး ဘုံဆိုင်လေးတွင် တတွတ်တွတ်နှင့် ပြောနေရသေး