ကျွန်မတို့ သိသည်

လာလေ လိုက်ခဲ့လို့ခေါ်လျှင် ညင်သာစွာလိုက်သွားမည် နောက်ဆုံးအချိန်တွင် ကျွန်မတွန်းလှန်နေမည်မဟုတ်ပါ ထိုအရာကို လူအများ စိတ်အနှောင့်အယှက်ဖြစ်သကဲ့သို့ ကြိုးစားကာ ဖြစ်မနေသင့်ပါ ဆိတ်ဆိတ်နေခြင်းဖြင့် ကျွန်မလက်ခံပါမည် ခရီးဆက်ရန် ရှိနေဦးမည် မွေးဖွားခြင်းကို ၀မ်းမြောက်သကဲ့သို့ သေဆုံးသောအချိန်တွင် ကျွန်မတို့သည် ပျော်ပွဲရွှင်ပွဲလုပ်သင့်သည် ပွေ့ဖက်သင့်သည် မနက်ဖြန်ကိုလည်း မျှော်လင့်သင့်သည် ကြက်တွန်လျှင် ရောင်ခြည်လာမည် ရောင်ခြည်က ကြက်မတွန်လည်း လာနေဦးမည်ကို ကျွန်မတို့သိသည်။